မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာရဲ့အကျိုးဆက်အဖြစ် လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုနှုန်းထားတွေ တိုးမြှင့်တော့မယ်လို့ သိရပါတယ်။
ရေးမြောက်ပိုင်း လမိုင်းဒေသကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်ရရှိထားတဲ့ SMD ကုမ္ပဏီက စက်သုံးဆီးဈေးနှုန်းမြင့်တက်လာလို့ အခုလိုမျိုး လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုကို မြှင့်လိုက်ရတာလို့ အသိပေးထားပါတယ်။
ကုမ္ပဏီဘက်က ၂၄ နာရီပြည့် မီးပေးသွားမှာဖြစ်ပြီး အခု ကောက်ခံမှုဟာ လမိုင်းဒေသနဲ့ ရေးမြို့နယ်တွေအတွက် အားလုံးအကျုံးဝင်တယ်လို့ သိရှိရပါတယ်။
SMD ကုမ္ပဏီဟာ အရင်အတုန်းက ဓာတ်အားခ တစ်ယူနစ်ကို ၁,၇၅၀ ကျပ်သာ ကောက်ခံခဲ့ပြီး အခု ဒီဇင်ဘာလကစပြီး ဓာတ်အားခတစ်ယူနစ်ကို ကျပ် ၂,၀၀၀ ပြောင်းလဲသတ်မှတ် ကောက်ခံသွားတော့မယ်လို့ SMD ကုမ္ပဏီက အသိပေးထားပါတယ်။
အရင်တုန်းက ရေးမြို့နယ်မှာ ဒီဇယ်လောင်စာဆီ ၂၂၀ လီတာဝင် တစ်ပီပါကို ကျပ်ခြောက်သိန်းကျော် ပေါက်စျေးရှိခဲ့တာကနေ ဒီဇင်ဘာလထဲမှာ တစ်ပီပါကို ကျပ် ၈ သိန်းကျော်အထိ ဈေးခုန်တက်သွားပြီလို့ သိရပါတယ်။