ကမ္ဘာကျော် ရော့ခ်အင်ရိုးဘုရင်ကြီးအဲလ်ဗစ်ပရက်စလေကို ဆယ်စုနှစ်ငါးခုအကြာမှာ AI နည်းပညာနဲ့ အထူးပြုလုပ်ထားတဲ့ စင်မြင့်ထက်မှာ မြင်တွေ့ကြရတော့မယ်လို့ ဆိုပါတယ်။ ရော့ခ်အင်ရိုးဘုရင်ကြီးဟာ ၁၉၇၇ ခုနှစ်၊ အသက် ၄၂နှစ်အရွယ်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။
“Evis Evolution” လို့ နာမည်ပေးထားတဲ့ ဟိုလိုဂရမ်ရုပ်ကြွပုံရိပ်နဲ့ အထူးပြုလုပ်ထားတဲ့ ပရက်စလေရဲ့ ဖျော်ဖြေပွဲကြီးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ လန်ဒန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
AI နည်းပညာကို အသုံးပြုပြီး အဲလ်ဗစ်ရဲ့ထောင်ချီတဲ့ပုံတွေနဲ့ ဗီဒီယို Footage တွေကို ပေါင်းစပ်အသုံးပြုကာ လူအရွယ်ရှိတဲ့ ဒီဂျစ်တယ်အဲလ်ဗစ်ပုံစံနဲ့ စင်ပေါ်မှာဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပရိတ်သတ်တွေကတော့ အဲလ်ဗစ်ကိုပြန်လည်အသက်သွင်းထားတဲ့ ပုံရိပ်ကို သူအသက်ရှင်ထင်ရှား ရှိနေသေးသလိုမျက်ဝါးထင်ထင်မြင်ရတော့မှာမို့ စိတ်လှုပ်ရှားနေကြပါတယ်။လန်ဒန်မှာကျင်းပပြီးရင် လက်စ်ဗီးဂတ်၊ဘာလင်နဲ့ တိုကျိုမှာလည် ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။