Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေတာရှည်နှင့်ကျိုင်းတုံတွင် ငလျင်လှုပ်ခတ်

————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၈)ရက်

ပဲခူး၊ရေတာရှည်မြို့အနီး ညသန်းခေါင်အချိန်မှာ အင်အား (၃.၁)အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၃၃)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ တောင်ဘက် (၈) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၃) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆.၃၄)ဒီဂရီ၊ အနက် (၃၃)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

ဒီ့အပြင် ကျိုင်းတုံမြို့မှာလည်း ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၀)မိနစ်၊ (၄၂) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၉)ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။