Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်တိုင်းနှင့်ပြည်နယ်များအတွက်APTERR အစီအစဉ်ဖြင့် အရန်ဆန် တန် (၁၀၀၀)ကျော်ဖြန့်ဖြူးပေးသွားမည်ဟုဆို

၂၀၂၄၊စက်တင်ဘာလ၊၂၃ရက်

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်နဲ့ အရန်ဆန် ၁၀၀၂ ဒသမ ၇၁တန်ကိုရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ထောက်ပံ့ဖြန့်ဖြူးပေးသွားဖို့ရှိတယ်လို့စက်တင်ဘာလ(၂၃)ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အရန်ဆန်၁၀၀၂ဒသမ၇၁တန်ကို ရေကြီးမှုဖြစ်ပွားခဲ့တဲ့တိုင်းနဲ့ပြည်နယ်တွေကိုထောက်ပံ့ဖြန့်ဖြူးပေးနိုင်ဖို့ ဆက်စပ်ဌာနအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေပြီးအမြန်ဆုံး တင်ဖို့ဖြန့်ဖြူးနိုင်အောင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်၆၅ မြို့နယ်မှာ နေရပ်စွန့်ခွာသူတွေအပါအဝင်ခန့်မှန်းခြေလူဦးရေ၈၈၇,၀၀၀ခန့်ရေဘေးသင့်ခဲ့တယ်လို့သိရပါတယ်။