27 July 2024
ရေကြီးနစ်မြုပ်ပြီး ပျက်စီးသွားတဲ့ မိုးစပါးများပြန်လည်စိုက်ပျိုးရန်ဆန်စပါးအသင်းချုပ်ကနေ ပံ့ပိုးပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသတင်းထုတ်ပြန်ထားပါ တယ်။
မိုးစပါးအထွက်နှုန်းမကျဆင်းစေဖို့နဲ့ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစပါး၊သွင်းအားစုမြေသြဇာ နဲ့ စိုက်ပျိုးရေးဆေးတွေကို တက်နိုင်သမျှ ပံ့ပိုးပေးမယ်လို့ဆိုပါတယ်။ပြန်လည်စိုက်ပျိုးဖို့ လိုအပ်တဲ့ နေရာတွေမှာ ရာသီချိန်မီပါက စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်မယ့် မျိုးစပါး၊ မြေဩဇာတွေ နဲ့ စိုက်ပျိုးရေးဆေးတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နဲ့ ညီနောင်အသင်းအဖွဲ့တွေ အသင်းဝင် ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
အဲဒီလိုအခက်အခဲတွေကြုံနေရတဲ့ တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီတွေနဲ့ ညီနောင်အသင်းခွဲတွေကို ဆက်သွယ်နိုင်သလို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကို ဆက်သွယ်ပြီး တင်ပြအသိပေးဖို့ နဲ့ အမှန်တကယ် လိုအပ်မှုရှိတဲ့ နေရာဒေသတွေအတွက် ကူညီဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။\##Mercury Media\###Yangon#Mercury #မြန်မာ့သတင်း #မိုးစပါး