ရုရှားသမ္ပတ ဗလာဒီမာ ပူတင်က နိုင်ငံတွင်းမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ကလေး ၇ ယောက်၊ ၈ ယောက် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး မွေးကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရုရှားပြည်သူ့ကောင်စီညီလာခံမှာ အွန်လိုင်းကနေတစ်ဆင့် မိန့်ခွန်းပြောကြားရာမှာ ရုရှားမှာ လူဦးရေတိုးတက်လာဖို့ဆိုတာ လာမယ့် ဆယ်စုနှစ်တွေအတွင်း အဓိက ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ ပူတင်က ကြေညာခဲ့ပါတယ်။
အဲ့ဒီ ညီလာခံမှာ ပူတင်က “ကလေးတွေအများကြီးတွေတာ၊ မိသားစုမှာလူအများကြီးရှိတယ်ဆိုတာဟာ ပြည်သူအားလုံးအတွက် စံနှုန်းတစ်ခု ဖြစ်လာစေချင်ပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ရုရှားမိသားစုတွေဟာ ကလေးတွေ အများကြီးမွေးခဲ့ကြတာကို ပြန်လည်ပြီး သတိရဖို့ လိုအပ်တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်းကျဆင်းလာခဲ့သလို ယူကရိန်းနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာလည်း လူဦးရေ ၃ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရတာကြောင့် ပူတင်အနေနဲ့ အခုလို တောင်းဆိုခဲ့တာဖြစ်နိုင်တယ်လို့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ရေးသားဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ #mercury_media #international_news #Putin #Russia