ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲကို လေ့လာဖို့နဲ့ မော်စကိုမြို့မှာကျင်းပမယ့် International Scientific and Practical Conference ကို တက်ရောက်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၁၂ ရက်၊ ညနေပိုင်းက လေကြောငးခရီးနဲ့ ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။
ရုရှားသမ္မတရွေးကောက်ပွဲကို မတ်လ ၁၇ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပြီ အဲ့ဒီရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ပူတင်ပဲ အနိုင်ရရှိဖို့ ရေပန်းစားနေပါတယ်။
အနောက်နိုင်ငံတွေကတော့ ပူတင်အနိုင်ရရှိမှာကို ထိတ်လန့်စိုးရိမ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခုလို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲကို လေ့လာခြင်းနဲ့ International Scientific and Practical Conference ဆီ တက်ရောက်ခြင်းတွေကြောင့် ရုရှားနိုင်ငံရဲ့ရွေးကောက်ပွဲကျင်းပပုံနည်းစနစ်တွေ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု နည်းလမ်တွေ၊ ရွေးကောက်ပွဲမှာ နည်းပညာအသုံးပြုဆောင်ရွက်နေပုံတွေကို လေ့လာသိရှိနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာသူတွေနဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်တွေ၊ အတွေ့အကြုံ မျှဝေခွင့်တွေ ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။