ရုရှားနိုင်ငံ အနောက်တောင်ပိုင်းဒေသက နေရာတွေနဲ့ ခရိုင်းမီးယားဒေသတွေမှာ အသံကျယ်ကြီးနဲ့ ပေါက်ကွဲမှုတွေ တစ်ညလုံးနီးပါး ဖြစ်ပွားခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် လူ ၂၅ ဦး ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။
နယ်စပ်မြို့ ဘယ်လ်ဂိုးရော့ဒ်နဲ့ ခရိုင်းမီးယားဒေသက ဆီဗတ်စ်တိုပေါလ်မြို့တွေမှာ ပေါက်ကွဲမှုတွေ ညလုံးပေါက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့တုန်းက ဖြစ်ပျက်ခဲ့တာလို့ ရုရှားအရာရှိတွေဘက်က အသိပေးထားပါတယ်။
ယူကရိန်းဒုံးကျည်တစ်စင်းကို ရုရှားဘက်ကနေ ပစ်ချလိုက်ပြီးတဲ့နောက် အခုလို အသံကျယ်ကြီးနဲ့ ညလုံးပေါက် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့တာလို့ သိရှိရပါတယ်။ လူ ၂၅ ဦး ကွယ်လွန်ခဲ့တာက ဘယ်လ်ဂိုးရော့ဒ်မြို့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရုရှားနဲ့ ယူကရိန်းတို့အကြားမှာ လေကြောင်းတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ရုရှားဟာ ငါးရက်အတွင်း ဒရုန်းအစင်းရေ ၂၀၀နဲ့ ဒုံးကျည်အရေအတွက် ၃၀၀ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားထားပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းကစလို့ လေကြောင်းကနေ အကြီးမားဆုံးဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၄၀ အသ..-က်ဆုံးပါးခဲ့ရတယ်လို့ သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။