Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှားဘက်မှ တရုတ်စစ်သားများပါဝင်တိုက်ခိုက်ပေးနေသည်ဟူသော ယူကရိန်း၏ပြောဆိုမှုကို တရုတ်ငြင်းဆန်

၂၀၂၅၊ဧပြီလ၊၁၀ရက်

ရုရှားစစ်တပ်ဘက်ကနေ တရုတ်စစ်သားတွေပါဝင်တိုက်ခိုက်ပေးနေတယ်ဆိုတဲ့ ယူကရိန်းသမ္မတဇီလင်စကီးရဲ့ပြောဆိုချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ငြင်းဆိုလိုက်ပါတယ်။

ဧပြီ ၉ ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းကအခုလိုပြောဆိုခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာတွေကို ရှောင်ကြဉ်ကြဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တာတွေ မလုပ်ဖို့ တရုတ်အစိုးရက အမြဲတမ်း တိုက်တွန်းနေတယ်လို့ ပြောခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းဘက်က ပြောဆိုထားတဲ့ သက်ဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးအတည်ပြုပေးသွားမှာဖြစ်သလို အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကဲ့သို့ ယူကရိန်းကို လူသတ်လက်နက်တွေပေးနေခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာေပြာပါတယ်။

#MERCURY#mercurynews#နိုင်ငံတကာသတင်း#တရုတ်#ယူကရိန်း