၂၀၂၄ ဩဂုတ်လ ၉ရက်
ရုရှားပိုင်Kurskဒေသကို ယူကရိန်းစစ်တပ်က ၃ရက်ကြာသည်အထိဆက်လက်တိုက်ခိုက်မှုများရှိနေဆဲလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်၈ရက်နေ့မှာတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းတပ်တွေဟာ သူတို့ပိုင်တဲ့Sumyဒေသမှတဆင့်ရုရှားကိုဝင်ရောက်တိုက်ခိုက်လာတာဖြစ်ပြီးယခုဝင်ရောက်တိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းပထမဆုံးအကြိမ်Kurskဒေသအထိရောက်ရှိလာခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Kurskဒေသကိုဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးယူကရိန်းဘက်ကထုတ်ပြန်လာတာမျိုးတော့မရှိသေးပါဘူး။