Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်တွန်းအားပေးမှုကိုယူကရိန်း လက်မခံ

၂၀၂၄၊စက်တင်ဘာလ၊၂၆ရက်

ယူကရိန်းသမ္မတ ဇယ်လင်န်စကီးက ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်ရဲ့တိုက်တွန်းမှုကို ငြင်းဆန်လိုက်ပြီး တခြားနိုင်ငံတွေကသတ်မှတ်တဲ့ သဘောတူညီမှုတွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဇယ်လင်န်စကီးက ကုလအထွေထွေညီလာခံမှာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက တဖက်သတ် မသိမ်းပိုက်ခင်က အတိုင်းသဘောတူကြဖို့ တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတ ဇယ်လင်န်စကီးရဲ့ အခုလိုတောင်းဆိုခဲ့တဲ့အပေါ် ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားကို အင်အားသုံးငြိမ်းချမ်း‌ရေး သဘောတူညီချက်ရအောင် နိုင်ငံကြီးတွေအားနဲ့ခြိမ်းခြောက်တောင်းဆိုတာဟာ အန္တရာယ်များတဲ့အမှားပဲလို့ ဝေဖန်ထားပါတယ်။