Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှားဆီက ဓာတ်ငွေ့ထောက်ပံ့မှု ရပ်ဆိုင်းလာလို့ ဂျာမနီဟာ ကမ္ဘာ့စက်မှုစူပါ ပါဝါနိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ ခက်နေပြီ

ရုရှားဆီကနေပြီး ဓာတ်ငွေ့ထောက်ပံ့မှုတွေ ရပ်ဆိုင်းလာခဲ့လို့ ဂျာမနီဟာ ကမ္ဘာ့စက်မှု စူပါ,ပါဝါနိုင်ငံကြီးအဖြစ် ရပ်တည်နိုင်ဖို့အတွက် အတော့်ကို အခက်အခဲရှိနေပြီလို့ သိရှိရပါတယ်။

ဒါကို Bloomberg သတင်းဌာနက ရေးသားဖော်ပြလိုက်တာဖြစ်ပြီး ကမ္ဘာ့စက်မှု စူပါ,ပါဝါနိုင်ငံကြီးအဖြစ် ဂျာမနီ တည်ရှိနေမှုဟာ နောက်ဆုံးအဆုံးသတ်နေ့ရက်တွေဆီ ရောက်မှန်းမသိ ရောက်လာနေပြီလို့ Bloomberg က အသိပေးထားပါတယ်။

လက်ရှိကာလအတွင်း ဂျာမနီမှာ လုပ်ငန်းအများအပြား ပိတ်သိမ်းနေရပြီး အမေရိကန်နဲ့ တရုတ်ကို ယှဉ်ပြိုင်နိုင်စွမ်းက ကျဆင်းနေတယ်လို့ ဆိုပါတယ်။

ဂျာမနီအတွက် အဓိကထိုးနှက်ချက်က ရုရှားဆီကနေ ရယူနေတဲ့ ဓာတ်ငွေ့ထောက်ပံ့မှုရပ်ဆိုင်းလာတာဖြစ်ပြီး အဲ့ဒါကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင် ဂျာမနီအတွက် အကျပ်အတည်းတွေက ပိုပြီး ပြင်းထန်လာဖို့ သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။