“အဆိုတော်တွေ ရုပ်ရှင်ဝင်ရိုက်တော့ နဂိုက မလှတာကို မိတ်ကပ်မပြင်နဲ့ဆိုပြီး အိမ်ဖော်ခန်း ဝင်ရိုက်ခိုင်းတော့ နဂိုက အိမ်ဖော်ရုပ်က အိမ်ဖော်ဖြစ်ကုန်တာပေါ့၊ အဆိုတော်က ရုပ်မှ မချောတာ၊ အသံ ကောင်းတာလေ၊ နာမည်တော့ တပ်မပြောချင်ဘူး၊ နဂိုကမှ အိမ်ဖော်ရုပ်ပဲကိုဗျာ” – နိုင်ဇော် (ဂီတမှူး) “လွင့် သီချင်းလေးက ရွှေထိုက် ဆိုဖို့ ရေးထားပေးတာ တစ်နှစ်လောက်တောင် ရှိနေပြီ” – ရွှေထိုက် (အဆိုတော်) ——————– “အဆိုတော်တွေရဲ့အဓိကပြဿနာက အရမ်းလှချင်တာလေ။ နိုင်ငံခြားမှာ မိန်းကလေးအဆိုတော်တွေ စွပ်ကျယ်နဲ့ တက်ဆိုသွားတာတွေလည်း အများကြီးပဲ။ အဲ့ဒီနှစ်ခုကြားမှာတင် လွဲနေပြီ။ အဆိုတော်အတွက် အသံက Main(အဓိက)လေ။ ရုပ်ရှင်က ရုပ်က Main(အဓိက)လေ။ အဲ့ဒီမှာ နှစ်ခုက လွဲနေတော့ ရုပ်ရှင်သမားတွေက သီချင်းဆိုရင် Key(ကီး) မဝင်ဘူး၊ အဆိုတော်ကလည်း ရုပ်မလှဘဲ သရုပ်ဆောင် ဝင်လုပ်ရော။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့သည် အသံကို Main(အဓိက)ထားရမှာလေ။ အသံနဲ့ ဆွဲဆောင်ရမှာလေ။ အဲ့ဒီမှာ ဘာတွေ လွဲကုန်လည်းဆိုတော့ အဆိုတော်တွေ ရုပ်ရှင်ဝင်ရိုက်တဲ့အခါ နဂိုကမှ မလှတာကို မိတ်ကပ်မပြင်နဲ့ဆိုပြီး အိမ်ဖော်ခန်း ဝင်ရိုက်ခိုင်းတော့ နဂိုက အိမ်ဖော်ရုပ်က အိမ်ဖော်ဖြစ်ကုန်တာပေါ့။ အဆိုတော်က ရုပ်မှ မချောတာကိုးဗျ။ အသံကောင်းတာလေဗျာ။ နာမည်တော့ တပ်မပြောချင်ဘူး။ နဂိုကမှ အိမ်ဖော်ရုပ်ပဲကိုဗျာ။ အဲ့ဒီလိုတွေ ဖြစ်ကုန်ရော” – နိုင်ဇော် (ဂီတမှူး) “လွင့် သီချင်းလေးက ရွှေထိုက် ဆိုဖို့ ရေးထားပေးတာ ကြာပါပြီ။ တစ်နှစ်လောက်တောင် ရှိပါပြီ။ ဒါပေမဲ့ သီချင်းတွေက ဆက်တိုက် မလုပ်ဖြစ်တော့ ဒီသီချင်းလေးကို စိတ်ထဲမှာရှိပေမယ့် မလုပ်ဖြစ်ခဲ့တာပေါ့လေ။ အစ်ကိုက ဒီသီချင်းလေးကို ကြားသွားတဲ့အခါကျတော့ ကြိုက်တယ်၊ ဆိုမယ်ဆိုတော့ တေးရေးနဲ့တိုင်ပင်ပြီး Duet(စုံတွဲ)တည်ဖြစ်သွားတာပေါ့နော်” – ရွှေထိုက်(အဆိုတော်) #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #NaingZaw #ShweHtike #နိုင်ဇော် #ရွှေထိုက် #CelebrityInterview #Celebrity #Celebrities #ဂီတမှူး #အဆိုတော် #Singer #လွင့် #Song #ရုပ်ရှင် #အသံ #မိတ်ကပ် #Yangon #Myanmar