၂၀၂၅၊ဇန်နဝါရီလ၊၁၃ရက်
မနေ့ညက စပိန်စူပါဖလားရဲ့ ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘာစီလိုနာအသင်းက ၂ဂိုး-၅ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅မိနစ်တည်းက အမ်ဘတ်ပေက သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲချိန် ၂၂မိနစ်မှာ လမိုင်းယာမယ်က ဘာစီလိုနာအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန်ကြာလာတာနဲ့အမျှ ဘာစီလိုနာက ပွဲကို ထိန်းထားခဲ့သလို ပွဲကစားချိန် ၃၆မိနစ်မှာပင်နယ်တီက တဆင့် လီဝန်ဒေါစကီး၊ပွဲချိန် ၃၉မိနစ်မှာ ရာဖင်ညာ၊ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် ၄၅မိနစ်ရဲ့ အချိန်ပိုမှာ ဘလိတ်၊ဒုတိယပိုင်း ၄၈မိနစ်မှာ ရာဖင်ညာတို့ကဘာစီလိုနာအတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူပေးခဲ့ကြပါတယ်။
ပွဲကစားချိန် ၅၆မိနစ်မှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုးအမ်ဘတ်ပေကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဘာစီလိုနာဂိုးသမား ဆက်ဇနီ တိုက်ရိုက်အနီကတ်ပြခံခဲ့ရပြီး ပွဲချိန်မိနစ် ၆၀မှာ ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အတွက် နှစ်သိမ့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှာ ၂ဂိုး-၅ဂိုးနဲ့ ဘာစီလိုနာအသင်းက အနိုင်ရခဲ့တာကြောင့် သူတို့အသင်းရဲ့ ၂၀၂၅ခုနှစ်အတွက် ပထမဆုံးဆုဖလားအဖြစ် စပိန်စူပါဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။