ဇူလိုင်(၂၅)
မြန်မာနိုင်ငံတွင်အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သော ရိုးမဘဏ်ဥက္ကဋ္ဌ Serge Pun ခေါ် ဦးသိမ်းဝေသည် စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd ၏ အမှုဆောင်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်လိုက်ကြောင်း Bloomberg က ဇူလိုင်ဘ ၂၄ ရက်နေ့တွင်ဖော်ပြထားသည်။
ဦးသိမ်းဝေသည် ရာထူးမှချက်ချင်းနှုတ်ထွက်မည်ဖြစ်ကြောင်းစာရွက်စာတမ်းတင်ပြီးနောက်တွင် အိမ်ခြံမြေအကျိူးဆောင်ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ၎င်း၏သားအကြီးဆုံးဖြစ်သူကို မဲလ်ဗင်သန်ကို ဥက္ကဋ္ဌ ရာထူးခန့်အပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင်စင်ကာပူစတော့အိတ်ချိန်းထံပေးပို့သည့်စာတွင်Serge Pun ခေါ် ဦးသိမ်းဝေသည် ရိုးမ၏ အဓိကရှယ်ယာရှင်အဖြစ်ရှိနေပြီးအိမ်ခြံမြေကုမ္ပဏီရှိရှယ်ယာများကိုလည်းလျှော့ချမည်မဟုတ်ကြောင်းဖော်ပြထားသည်။ပြီးခဲ့သည့်လတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာနိုင်ငံရှိ ဦးသိမ်းဝေပိုင် ရိုးမဘဏ်အပါအဝင် ဘဏ်လုပ်ငန်း ခုနစ်ခုကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် အိမ်ရာချေးငွေပမာဏထက် ကျော်လွန်ပြီး ချေးပေးခဲ့ တာကြောင့် ပြည်တွင်းစီးပွားရေး တည်ငြိမ်ရေးအတွက် အရေးယူမည်ဟုထုတ်ပြန်သည်။လက်ရှိတွင် ဦးသိမ်းဝေသည် စစ်ဆေးမေးမြန်းခံနေရဆဲဖြစ်ကြောင်းသိရသည်။
#mercury #Yoma #မြန်မာ့သတင်း #ဦးသိမ်းဝေ #သတင်းစုံ #Mercury Media