Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရမည်းသင်းမြို့နယ်မှာ မြေပြိုမှုကြောင့် မိုးထိမိုးမိရွှေလုပ်ကွက် အပါအဝင် အနီးအနားကျေးရွှာများမှလူပေါင်းရာချီပျောက်ဆုံးနေ၊သပြေပင်ကျေးရွာအပါအဝင် ရွာအများအပြား မြေအောက်ရောက်နေပြီးသေဆုံးသူအရေအတွက် ရာချီရှိနိုင်

၂၀၂၄၊စက်တင်ဘာလ၊၁၃ရက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ မိုးထိမိုးမိရွှေလုပ်ကွက်များ အပါအဝင် အနီးအနားကရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပြီး လူပေါင်းရာနဲ့ချီပျောက်ဆုံးနေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

မိုးထိမိုးမိရွှေလုပ်ကွက်တင်သာမကဘဲ ရမည်းသင်းမြို့နယ်ထဲက သပြေပင်ကျေးရွာ ၊ ငါးတဲစုကျေးရွာ၊ အရှေ့ပင်ရွာ အပါအဝင် ကျေးရွာအချို့ တောင်ကျချောင်းရေနှင့်အတူ မြေကြီးအောက်တွင် နစ်မြုပ်သွားခဲ့ပြီလို့ သိရှိရပါတယ်။

အဲ့ဒီ မြေပြိုမှုတွေကြားမှာ ပျောက်ဆုံးနေတဲ့လူဦးရေဟာ ၇၀၀နီးပါးရှိတယ်လို့ ဒေသခံတွေကခန့်မှန်းထားကြပြီး သေဆုံးတဲ့လူဦးရေဟာလည်း ရာချီရှိနိုင်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရမည်းသင်းမြို့နယ်မှာ မြေပြိုကျမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။