Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရပ်ထားတဲ့ အထူးအမြန်ရထား (၃) တွဲ မီးလောင်တဲ့ဖြစ်စဥ် မိုးညှင်းမှာ ဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲမှာ ရပ်ထားတာကြာလှပြီဖြစ်တဲ့ အထူးအမြန်ရထား (၃) တွဲ မီးလောင်တဲ့ဖြစ်စဥ်တစ်ခု မနေ့က မတ်လ ၂၀ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်လောက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အထူးအမြန်ရထားတွဲတွေကို မန္တလေး – မြစ်ကြီးနားမီးရထားလမ်း၊ နန်းမားဘူတာမှာ ရပ်တန့်ထားခဲ့တာက (၃) နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

ကြားသိရတဲ့သတင်းတွေအရ အဲ့ဒီရထားတွဲတွေထက်မှာ ဆေးသမားတွေ နေထိုင်ကြပြီး မူးယစ်ဆေးဝါးတွေ သုံးစွဲနေတတ်လေ့ရှိတယ်လို့ သိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာဆီကို မီးသတ်တပ်ဖွဲ့က သွားရောက်ပြီး အနီးအနားမှာရှိတဲ့ ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းမီးငြိမ်းသ..–တ်ခဲ့ပေမယ့် အထူးအမြန်ရထားတွဲ (၃) တွဲကတော့ မီးလောင်ပျက်စီးသွားခဲ့ကာ မီးဘယ်လိုဘယ်ပုံလောင်ကျွမ်းတယ်ဆိုတာကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။