ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၆/၃ နှင့် ၂၄၆/၄ တို့ရဲ့ကြားမှာ Express ယာဉ် ၁ စီး ဒီနေ့ မနက် ၅ နာရီ မိနစ် ၅၀ အချိန်လောက်က မီးလောင်ခဲ့လို့ မီးသတ်တပ်ဖွဲ့ကနေ သွားရောက် မီးငြိမ်းသ–…တ်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာဆီကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းဆီက မီးငြှိမ်းသ..—တ်ယာဉ် ၂ စီးနဲ့ ထွက်ခွာငြှိမ်းသ..—တ်ပေးခဲ့လို့ မနက် ၆ နာရီ မိနစ် ၅၀ အချိန်လောက်မှာ မီးငြိမ်းသွားခဲ့ပြီး အခုဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။