————————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါပါလူ(၂)ဦးသေဆုံးခဲ့ပြီး(၁၂)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ သိရပါတယ်။
အောက်တိုဘာလ(၂၂)ရက်၊မနက်အစောကြီးပိုင်း၀၅နာရီ ၃၄မိနစ်အချိန်ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နဲ့ (၂၄၃/၆) ကြားမှာ ဘီးပေါက်လို့ရပ်တန့်ထားတဲ့ FUSO ယာဉ်ကို လားရာတူနောက်မှ မောင်းနှင်လာတဲ့ SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ့ဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ ကျား (၆)ဦးနှင့် မ(၈)ဦး စုစုပေါင်း (၁၄)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး (သေဆုံး)ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)တို့ကို ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်နဲ့ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနဲ့FUSO ယာဥ်ပေါ်ပါ ကျား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အဲဒီ့ယာဉ်တိုက်မှုကို ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။