———————–
၂၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၈)ရက်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၉၂/၀)နှင့် (၉၂/၁)ကြားမှာ (၆)ဘီးကားနှစ်စီးတိုက်မိပြီး အမျိုးသားတစ်ဦးေ-သဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
ဩဂုတ်လ(၂၈)ရက်၊မနက်၀၅း ၅၀ အချိန်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိူးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ယာဉ်တိုက်မှုကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေထွက်ခွာဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)နဲ့ ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့ကို ရဲတပ်ဖွဲ့ပိုင်လူနာတင်ယာဉ်နဲ့မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။