Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှုဖြစ်၊ လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ဒီဇင်ဘာလ ၂၁ ရက် မနက် ၇ နာရီခွဲအချိန်လောက်က ယာဉ်တိုက်မှုဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်ျ။

အဲ့ဒီယာဉ်တိုက်မှုဖြစ်စဉ်မှာ လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)မှာ ရှေ့ကမောင်းနှင်နေတဲ့ Hijet ယာဉ်ကို နောက်ကနေ လိုက်ပါမောင်းနှင်းလာတဲ့ Nissan Caravan ယာဉ်က ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းကနေပြီး မီးသတ်ယာဉ် (၁)စီးနဲ့အတူ မီးသတ်တပ်ဖွဲ့တွေ စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ Hijet ယာဉ်ပေါ်ပါလာတဲ့ ကျား(၁)ဦးနှင့် မ(၉)ဦး စုစုပေါင်း(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာကတော့ စိုးရိမ်လောက်စရာအခြေအနေမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို နွားထိုးကြီးဆေးရုံဆီ တင်ပို့ပေးထားတယ်လို့ သတင်းကြားသိရပါတယ်။