ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၉/၇) အနားမှာ ဒီနေ့ မနက် ၂ နာရီ ၂၀ မိနစ်အချိန်လောက်က ၁၀ ဘီး ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ရဲ့အသိပေးချက်အရ သတင်းကြားသိရပါတယ်။
ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့၊မောင်းနှင်လာသော Hono Profia(၁၀)ဘီးဖြူ/ပြာရောင် ဘောက်ကားယာဉ်ကို မောင်းနှင်လာတဲ့ ယာဉ်မောင်းဟာ အိပ်ငိုက်ပြီး အရှိန်းမထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းမှာရှိတဲ့ ထန်းပင်ကို ဝင်ရောက်တိုက်မိခဲ့လို့ မီးလောင်မှုဖြစ်ပွားပြီး လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ပေမယ့် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ယာဉ်မောင်းပါ အမျိုးသား (၂) ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားတယ်လို့ သတင်းရတဲ့အတွက် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဗောဓိကုန်းအမြန်လမ်းရဲစခန်းက စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေဟာ၊ မီးငြှိမ်းသတ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သတင်းကြားသိရပါတယ်။