Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်အထိုင်စားအုံးဆီအခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာ (၅၇၈၀)ကျပ်နဲ့ရောင်းချဖို့သတ်မှတ်

သြဂုတ်-၅ရက်

ရန်ကုန်အထိုင်စားအုံးဆီအခြေခံလက်ကား ရည်ညွှန်းဈေးတွေရာဂဏာန်းလောက်တက်လာပြီးတစ်ပိဿာ (၅၇၈၀)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿာရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေး ကျပ်၅၄၈၅ရှိရာမှ အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးကျပ် ၅၇၈၀နဲ့သြဂုတ်လ (၅) ရက်မှ (၁၁)ရက်အထိရောင်းချဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းမှာ စားအုန်းဆီတွေကို အိမ်တိုင်ရာ ရောက် Door to Door စနစ်နဲ့လည်းပို့ဆောင်နေပြီး ရန်ကုန်မြို့တွင်း‌ဆိုရင် ဆီဗူးဖိုး၊ဖိုးသွတ်ခ၊Deliခအပြီးအစီး တစ်ပိဿ၇၂၀၀‌ကျော်နဲ့ ရောင်းချပေးလျက်ရှိပါတယ်။

စားအုန်း‌ဆီမှာယူလိုသူတွေအနေနဲ့ Call Center ဖုန်း ၀၁-၂၃၉၉၂၂ ၂(လိုင်းခွဲ၇)သို့ ဆက်သွယ်မှာယူနိုင်ပြီး တစ်ရက်ကိုအော်ဒါ၁၂၀၀ခန့်လက်ခံပို့ဆောင် ပေးသွားမှာဖြစ်ပြီး Door to Door စနစ်အပြင်ပုံမှန်အတိုင်း ဆီဆိုင်တွေမှာလည်း ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

#mercury #mercurymedia #localnews #ပြည်တွင်းသတင်း #စားအုန်းဆီ