Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မှာ အကြီးအကျယ် မီးလောင်ခဲ့တဲ့ မီးလောင်ပြင်ကို ဒဏ်ရာရခံ၊ အိပ်ရေးပျက်ခံပြီး မီးငြှိမ်းခဲ့သူများ

၁၃ သောကြာနေ့က ရန်ကုန်မှာ အကြီးအကျယ် မီးလောင်ခဲ့တဲ့ မီးလောင်ပြင်ကို ဒဏ်ရာအရခံ၊ ညအိပ်ရေးပျက်ခံပြီး မီးငြှိမ်းခဲ့သူများ
————–
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့က အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ လူပြောများခဲ့တဲ့သတင်းအကြောင်းအရာတွေထဲ Grand Royal အရက်ချက်စက်ရုံကြီး မီးလောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ Level 3 အဆင့်ရှိခဲ့တဲ့အတွက် မီးသတ်ကားအရေအတွက် ၆၀ ကနေ ၈၀ အထိ လာရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ နေ့လယ်ကိုရောက်တဲ့အထိ မီးကြွင်းမီးကျန်တွေက ရှိနေဆဲပါပဲ။ မနေ့က ညနေ ၃ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တဲ့မီးကို ည ၈ နာရီလောက်အရောက်မှာ မီးထိန်းနိုင်ခဲ့ပြီး တစ်ညလုံး မအိပ်ဘဲနဲ့ ဆက်လက် ငြှိမ်းသတ်ပေးခဲ့တာမှာတော့ မနက် ၇ နာရီလောက်ရောက်တဲ့အချိန်မှာ မီးငြိမ်းတဲ့အဆင့်ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အရက်စည်တွေကနေ မီးပြန်တောက်နေတာကြောင့် နေ့လည်အထိ အလွတ်မပေးဘဲ မီးသတ်ရဲဘော်တွေက စွမ်းစွမ်းတမံ မီးငြှိမ်းသတ်နေရဆဲပါပဲ။ ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် မီးသတ်ရဲဘော် ၁၄ ယောက်အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ပင်ပန်းနွမ်းနယ်သူတွေက လမ်းမတွေထက်မှာတောင် အိပ်စက်နေကြတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေနဲ့ ဒီမီးလောင်မှုဖြစ်စဉ်ကို ဘယ်လို မီးငြှိမ်းသတ်ခဲ့သလဲဆိုတာ မီးလောင်ပြင်မှာရှိတဲ့ တာဝန်ရှိသူနဲ့တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့တဲ့အပြင် မီးသတ်ရဲဘော်တွေရဲ့ဒီနေ့နေ့လယ်အထိ မီးငြှိမ်းသတ်နေမှုတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryProgramme #GrandRoyal #မီးလောင်မှု #13thFriday #ဒဏ်ရာရ #အိပ်ရေးပျက်ခံ #မီးလောင်ပြင် #မီးသတ်ရဲဘော်တွေ #စွမ်းစွမ်းတမံ #မီးငြှိမ်းသတ် #Fire #မီးသတ်ကား #မီးကြွင်းမီးကျန် #Yangon #Myanmar