Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြို့၊ဝန်ကြီးများရုံးတွင်ဝင်ကြေးအခမဲ့ သီတင်းကျွတ်ဈေးပွဲတော် ကျင်းပမည်

——————————————————————

၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်

ရန်ကုန်မြို့၊၀န်ကြီးများရုံး(အတွင်းဝန်ရုံး)မှာ ၀င်ကြေးအခမဲ့နဲ့ သီတင်းကျွတ်စျေးပွဲတော်ကြီး ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

စျေးပွဲတော်ကို သီတင်းကျွတ်ပိတ်ရက်အောက်တိုဘာ ၁၆ရက်၊အောက်တိုဘာ ၁၇ရက်(လပြည့်နေ့)၊အောက်တိုဘာ ၁၈ရက်တို့မှာ မနက်(၉)နာရီမှ ည(၉)နာရီအထိကျင်းပသွားမှာဖြစ်ပါတယ်။

စျေးပွဲတော်ကြီးမှာ လူသုံးကုန်ပစ္စည်းတွေ၊Fashionတွေ၊ တားရော့ဆိုင်တွေ၊ အစား အသောက်တွေ၊ရိုးရာhand madeတွေ၊လက်၀တ်ရတနာတွေ၊၀န်ဆောင်မှုတွေ၊ ကလေးပစ္စည်းဆိုင်တွေ၊ စားသောက်တန်းတွေနဲ့ အခြား အခြား product များစွာ ပါ၀င်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖျော်ဖြေရေးအနေနဲ့ လပြည့်နေ့ အောက်တိုဘာ(၁၇)ရက်နဲ့ (၁၈)ရက်မှာ ညနေခင်းတိုင်းမှာပြည်သူချစ် အနုပညာရှင်တွေရဲ့အက အဆို performance တွေနဲ့ အတူအခမဲ့ ဖျော်ဖြေတင်ဆက် သွားမှာဖြစ်တဲ့အပြင် ဂိမ်းပြိုင်ပွဲတွေ ၊နာမည်ကြီး Celeတွေလာလည်ဖို့ရှိသလို ဆိုင်ခန်းတွေရဲ့product မိတ်ဆက်ပွဲ များကိုလည်းကျင်းပသွားမှာဖြစ်ပါတယ်။