——————
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၉)ရက်
ရန်ကုန်မြို့၊ ဆရာစံလမ်းမပေါ် ၊လမ်းဖြတ်ကူးချိန်မှာ ယာဉ်ဖြတ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျားတစ်ဦးေ-သဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေ ထံမှသိရပါတယ်။
အမည်မသိ အမျိုးသားတစ်ဦး၊အသက် (၅၀)နှစ်ဝန်းကျင်(ခန့်မှန်း)ကိုည (၁၀)နာရီခွဲဝန်းကျင်မှာ ဟိုက်ဂျက်ယာဉ်မှ ဖြတ်တိုက်လိုက်တယ်လို့ ပတ်ဝန်းကျင်မှ ဆက်သွယ်ကူညီတောင်းလာလို့ ကိုပူတူးတို့အဖွဲ့မှ သွားရောက်ကူညီခဲ့ပါတယ်။
ဦးခေါင်းခွံ့ ကွဲအက်ဒဏ်ရာ ၊ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာတို့ဖြင့် ေ-သဆုံးသွားသဖြင့်ရန်ကုန်ဆေးရုံကြီးသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။