Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်နှင့်မန္တလေးတွင် ညအပူချိန်ကျပြီး ဆက်အေးမည်

————————————-

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၆)ရက်

အရမ်းအေးပြီးရေခဲမှတ်နားနီး‌နေတဲ့မြို့(၆)ခုရှိသလိုရန်ကုန်နဲ့မန္တလေးတို့မှာ ညအပူချိန်ကျပြီး ဆက်အေးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ရေခဲအမှတ်နားနီးတဲ့အထိ အေးတဲ့ မြို့တွေကတော့ ဟားခါး၊နမ့်စန်၊ ဟဲဟိုး၊ပြင်ဦးလွင်၊လွိုင်လင်၊ပူတာအိုမြို့တို့ ဖြစ်ပါတယ်။

နောက်လာမယ့်(၂)ရက်၊ဇန်နဝါရီ(၁၇)ရက်၊(၁၈)ရက်တို့အတွက်ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်နဲ့တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓါတ်ပုံ-သာနိုး

#Mercury#mercurynews#ပြည်တွင်းသတင်း#ဆောင်းရာသီ#ရန်ကုန်#မန္တလေး