Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပခဲ့

—————————————————————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၃၁)ရက်

ရန်ကုန်မှာ ကရင်အမျိုးသားအလံတင်အခမ်းအနားနှင့် နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ(၃၀)ရက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ဖားစည်(၉)ချက်တီးပြီး ကရင်လူငယ် (၉)ဦးက ကျွဲချိုမှုတ်ကာ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်မှာ ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးတွေရဲ့ ကရင်ရိုးရာ အိုးစည်အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးမြို့နယ် ရှားလဖလုံ(လူပျိုကြီးဒုံး)အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကဖြင့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသလို ပျော်ပွဲရွှင်ပွဲတွေအနေနဲ့ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် လက်ဝှေ့ထိုးပြိုင်ပွဲတွေကိုကျင်းပခဲ့တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ကရင်နှစ်သစ်ကူး#ပြည်တွင်းသတင်း

No insights to show

Boost a post

All reactions:

66