Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင်မိုးရွာပြီးလေပြင်းတိုက်၍မင်္ဂလာတောင်ညွှန့်၌သစ်ပင်လဲကျပြီး လမ်းပိတ်

—————————————–

၂၀‌၂၅ခုနှစ်၊ဧပြီလ၊(၂၉)ရက်

ရန်ကုန်မှာ မိုးရွာပြီးလေပြင်းတိုက်ခဲ့တဲ့အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မှာသစ်ပင်လဲကျပြီး လမ်းပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဧပြီ(၂၉)ရက်၊မနက်၊ ၀၆ ၂၄အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ခဲ့တာဖြစ်ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#မိုးဇလ#ပြည်တွင်းသတင်း