————————————————————————
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၃)ရက်
ရန်ကုန်မှာ နောက်(၇)ရက်ကျော်ခရစ်စမတ်နီးချိန်မှာ ညအပူချိန်ကျဆင်းလာကာ ရာသီဥတုအေး လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသတွေမှာဒီဇင်ဘာလ(၂၀) ရက်ကျော်မှာ ညအပူချိန်တွေတဖြည်းဖြည်းကျဆင်းလာပြီး ဆောင်းရာသီ အငွေ့အသက်တွေ စတင်လာဖို့ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အထက်ဘက်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာတော့ ညအပူချိန်တွေ ဆက်လက်ကျဆင်းပြီး ၁၀ °C ဝန်းကျင်အထိရောက်ရှိလာကာ အအေးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇင်ဘာ၁၄ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားဝင်ရောက်လာမယ့် လေပွေလှိုင်းတွေဟာ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းသို့ရောက်ရှိပြီး တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်မြို့အောက် ဘက်ဒေသတွေ (ဘုတ်ပြင်း၊ မောတောင်၊ ကော့သောင်း)မှာ ဒီဇင်ဘာ(၁၂)ရက်မှ(၁၅)ရက်အတွင်း မိုးအသင့်အတင့်မှ မိုးသည်းထန်နိုင်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#ဆောငိးရာသီ#ဦးဝင်းနိုင်#ရာသီဥတု