Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် တစ်ရက်အအေးပေါ့ပြီး ပြန်အေးလာနိုင်

————————————-

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၂)ရက်

ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းတို့မှာ အခုရက်ပိုင်းအတွင်းအအေးပေါ့ပြီး နောက်ပိုင်းမှာပြန်‌အေးနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်တွေအပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်ရပ်ကွက်အချို့နဲ့ ဧရာဝတီတိုင်းက မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ စတဲ့မြို့တွေမှာ ဇန်နဝါရီ (၂၃)ရက်အထိ အအေးပေါ့နေနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။

အဲ့ဒီနေရာတွေမှာ (၂၃) ရက်နောက်ပိုင်း အနည်းငယ်ပြန်အေးနေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာတော့ နံနက်စောစောအပူချိန်တွေ ဆက်လက်ကျဆင်းပြီး အအေးပိုနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသသတင်း