Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းဒေသကြီးတွင် မီးပြတ်ချိန် တစ်ချိန်ထပ်တိုးတော့မည်

၂၀၂၄၊ဒီဇင်ဘာလ၊၂၀ရက်

ရန်ကုန်တိုင်းဒေသကြီးမှာ ပုံမှန်မီးပြတ်ချိန်တွေအပြင် နောက်ထပ် မီးပြတ်ချိန်တစ်ချိန်ထပ်တိုးသွားမယ်လို့ သိရပါတယ်။

ထပ်တိုးခဲ့တဲ့ မီးပြတ်ချိန်ဟာ ည၉နာရီကနေ မနက်၁နာရီအထိဖြစ်ပြီး အုပ်စုAနဲ့ အုပ်စုB အလှည့်ကျ ဓာတ်အားဖြတ်တောက်သွားမှာဖြစ်သလို စက်မှုဇုံတွေက တရက်ခြားပြီး လေးနာရီသာ မီးလာမယ်လို့ YESCက ထုတ်ပြတ်ကြေညာထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဩဂုတ်လနောက်ပိုင်းက စတင်ပြီး ဓါတ်အားမလုံလောက်မှုပြဿနာဟာ အရမ်းကြီးမားလာတာကြောင့် မီးဖြတ်ချိန်ကို မကြာခဏထပ်တိုးနေရတာဖြစ်ပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို အပြည့်အဝcreditပေးပါသည်။

#mercury#mercurynews#YESC#ပြည်တွင်းသတင်း