Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ်အဖြစ်ဓာတု ပစ္စည်းဘေးကင်းလုံခြုံရေးသင်တန်းစတင်ဖွင့်လှစ်

၂၀၂၄ ဩဂုတ် ၉ရက်

ရန်ကုန်တက္ကသိုလ်မှာပထမ‌ဦးဆုံးအကြိမ်အဖြစ်ဓာတုပစ္စည်းဘေးကင်းလုံခြုံရေးသင်တန်းစတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ဓာတုဗေဒဌာနမှာဓာတုပစ္စည်းဘေးကင်းလုံခြုံရေးသင်တန်းအတက်ပညာ(Certificate in Chemical Safety Course)သင်တန်းကို ဩဂုတ်လ (၁၉)ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းမှာ(Occupational Health) ဘာသာရပ်အတွက်ကျန်းမာရေးဝန်းကြီးဌာန(Occupational Health Department) က ဆရာဝန်တွေကိုယ်တိုင်လာရောက်သင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဓာတုပစ္စည်းဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းကြေးကိုတစ်သိန်းသတ်မှတ်ထားပြီး သင်တန်းချိန်တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့တွေမှာနံနက် ၇နာရီကနေ၉နာရီသင်ကြားပေးမှာဖြစ်ပြီး စနေနေ့ကို နံနက်(၉)နာရီကနေ ၁၂နာရီအထိသင်ကြားပေးမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

သင်တန်းကာလသုံးလသတ်မှတ်ထားပြီးအနည်း ဆုံးတက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ရရှိပြီးသူများစတင်လျှောက်ထားနိုင်ပါတယ်။

သင်တန်းသားဦးရေ(၅၀)လက်ခံမှာဖြစ်တဲ့အတွက်သင်တန်းတက်ရောက်လို့သူများ၀၉၅၄၀၃၅၅၆/ ၀၉၅၄၀၁၄၁၃/၀၉၅၁၅၉၂၈၆ကိုဆက်သွယ်နိုင်စုံစမ်းနိုင်ပါတယ်။

#mercury#mercurymedia#mercurynews#တက္ကသိုလ်

See Translation