“ယောက်ျားကောင်း မောင်းမတစ်ထောင်လို့ ပြောလာရင် လှနုက မခံနိုင်လို့ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်၊ အဓိက,က ကွန်ဒုံးသုံးရင် ရပြီလေလို့ ပြန်ပြောလေ့ရှိတယ်” – လှနုထွန်း(Social Influencer)
——————–
“ကိုယ့်ချစ်သူကို Respect ဆိုတာ ပေးနေသရွေ့တော့ စနိုက်ကြော်ဆိုတာ မရှိဘူး။ ကိုယ့်ချစ်သူကို ပေးသိနေသရွေ့ ဟိုဘက်က စည်းမကျော်တော့ဘူး။ ဒါပေမဲ့ ဒီမှာ အများစုက ခိုးလုပ်ကြတယ်။ ခိုးလုပ်ကြရင်းနဲ့မှ ရှုပ်ကုန်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်သက် နှစ် ၂၀ ကျော်ချိန်ကို ရောက်သွားချိန်မှာတော့ Open Relationship ယူဖို့က အဆင်သင့်(Ready)ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိနေပြီ၊ ငြီးငွေ့လာတာလည်း ရှိနေပြီ၊ နောက်တစ်ဖက်မှာ ကိုယ်လိုချင်တဲ့ဟာလေးတွေလည်း နောက်တစ်ယောက်မှာ ရှိနေတယ်ဆိုရင် Open Relationship ကို သွားကြတယ်ပေါ့နော်။ ယောက်ျားလေးတွေ ဖောက်ပြန်လို့ရှိရင် ဘာဖြစ်လဲ ယောက်ျားကောင်း မောင်းမတစ်ထောင်ပဲလို့ ပြောလေ့ရှိကြတယ်။ အဲ့ဒါကြောင့် လှနုက မခံနိုင်လွန်းလို့ ပြန်ပြောတယ်။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လေ၊ ဟုတ်တယ်မို့လားလို့။ နင်ဘားသွားရင် ငါလည်း ဘားသွားမှာပေါ့။ နင် ကောင်မလေးတွေနဲ့ တွဲလုပ်ရင် ငါလည်း ကောင်လေးတွေနဲ့ တန်းတူ တွဲလုပ်မှာပေါ့။ အဓိက,က ကွန်ဒုံးသုံးရင် ရပြီလေ ဆိုပြီးတော့ပေါ့” – လှနုထွန်း(Social Influencer) #MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #Social Influencer #လှနုထွန်း #HlaNuHtoon #စနိုက်ကြော် #Relationship #OpenRelationship #Respect #Celebrity #Celebrities #ကောင်လေး #ကောင်မလေး #ရည်းစား #ယောက်ျားကောင်း #မောင်းမတစ်ထောင် #ရည်းစားတစ်ထောင် #Yangon #Myanmar