ရခိုင်ပြည်နယ်အစိုးအဖွဲ့ရဲ့ လက်ရှိ သယံဇာတဝန်ကြီး ဦးသန်းထွန်း ဟာ ဒီနေ့ မတ်လ ၂၄ ရက်၊ မနက်ပိုင်းက လမ်းလျှောက်ရာကနေ ပြန်လာပြီးတဲ့နောက်မှာ အမောဖောက်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ်။
သယံဇာတဝန်ကြီး ဦးသန်းထွန်း ဟာ နှလုံးရောဂါ အခံရှိသူလို့ သိရှိရပြီး မနက်တုန်းက လမ်းလျှောက်ပြီး ပြန်ရောက်အလာမှာ အမောဖောက်လာတဲ့အတွက် မူးမေ့သတိလစ်သွားခဲ့ပြီး သူ့ကို စစ်တွေဆေးရုံကြီးဆီ တင်ပို့ပေးလိုက်သေးပေမယ့် ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တာလို့ ဒေသခံတွေက အသိပေးပါတယ်။
စစ်တွေမြို့ရဲ့မြို့မိ မြို့ဖတစ်ယောက်ဖြစ်သူ ဦးသန်းထွန်း ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ပြည်နယ်အတွင်း သွားရောက်တဲ့ခရီးစဉ်တစ်ခုမှာ နှလုံးရောဂါ ရုတ်တရက် ခံစားခဲ့ရတဲ့အတွက် ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ရဖူးပါတယ်။
အခု ကွယ်လွန်ချိန်မှာ ဦးသန်းထွန်းရဲ့အသက်က အသက် ၆၇ နှစ်အရွယ် ရှိနေပြီလို့ သိရှိရပါတယ်။