Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူရိုပါလိဂ် Play-Off အဆင့်ပွဲစဉ်များ ဆက်လက်မဲခွဲ၊ ဖီယင်နုနဲ့ ရိုးမား ထိပ်တိုက်တွေ့

ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့မှာ ကျင်းပနေတဲ့ မဲခွဲပွဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွေကို မဲခွဲအပြီးမှာ ယူရိုပါလိဂ် Play-Off အဆင့်ပွဲစဉ်တွေကို ဆက်လက် မဲခွဲသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ အုပ်စုတတိယအဖြစ်နဲ့ အုပ်စုထွက်ခဲ့ရတဲ့အသင်းတွေဟာ ယူရိုပါလိဂ်ကို အခုအဆင့်ကနေပြီး စတင်ပါဝင်ကစားခွင့်ရတာဖြစ်လို့ ပရိသတ်တွေလည်း စိတ်ဝင်တစား ရှိလို့နေပါတယ်။

ယူရိုပါလိဂ်မှာ အုပ်စုဒုတိယ ရရှိထားတဲ့ အသင်း ၈ သင်းဟာ ချန်ပီယံလိဂ်ကနေ အုပ်စုတတိယအဖြစ်နဲ့ ထွက်လာခဲ့ရတဲ့ အသင်း ၈ သင်းနဲ့ ပေါင်းစည်းပြီး  ဒီအဆင့်ကို ကစားရမှာပါ။

ယူရိုပါလိဂ် Play-Off အဆင့်ရဲ့ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရောက်ရင် ကျင်းပပေးမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားစေမယ်လို့ သိရှိရပါတယ်။

ပထမအကျော့ပွဲစဉ်တွေကို ဖီယင်နု၊ အေစီမီလန်၊ လန်းစ်၊ ယန်းဘွိုင်းစ်၊ ဘင်ဖီကာ၊ စပို့တင်းဘရာဂါ၊ ဂါလာတာစာရေးနဲ့ ရှက်တာဒိုးနက်တို့က အိမ်ကွင်းပွဲစဉ်တွေအဖြစ် ကစားရဖို့ ရှိနေပါတယ်။

ယူရိုပါလိဂ် Play-Off အဆင့် ပွဲစဉ်များ

—————-

ဖီယင်နု(နယ်သာလန်) – ရိုးမား(အီတလီ)

အေစီမီလန်(အီတလီ) – ရန်းနက်စ်(ပြင်သစ်)

လန်းစ်(ပြင်သစ်) – ဖရိုင်းဘတ်(ဂျာမနီ)

ယန်းဘွိုင်းစ်(ဆွစ်ဇာလန်) – စပို့တင်းလစ္စဘွန်း(ပေါ်တူဂီ)

ဘင်ဖီကာ(ပေါ်တူဂီ) – တူးလော့စ်(ပြင်သစ်)

စပို့တင်းဘရာဂါ(ပေါ်တူဂီ) – ကာရာဘတ်ဂျ်(အဇာဘိုင်ဂျန်)

ရှက်တာဒိုးနက်(ယူကရိန်း) – မာဆေး(ပြင်သစ်)

ါလာတာစာရေး(တူရကီ) – စပါတာပရပ်(ချက်)