Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ လိုင်ယွန်နဲ့ မန်ချက်စတာယူနိုက်တက် သရေကျ

၂၀၂၅၊ဧပြီလ၊၁၁ရက်

မနေ့ညက ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပထမအကျော့ပွဲစဉ်ဟာ တစ်ဖက် ၂ဂိုးစီသရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ပွဲကစားချိန် ၂၅မိနစ် မှာ လိုင်ယွန်ကစားသမား အယ်မာဒါရဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကို မန်ယူနိုက်တက် ဂိုးသမား အိုနာနာပေါ့ဆရင်း ဂိုးပေးခဲ့ရတာကြောင့် လိုင်ယွန်အသင်းက ပွဲကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သို့ပေမယ့် မန်ယူနိုက်တက်က ချေပဂိုးရဖို့ကြိုးစားကစားခဲ့ပြီး ပွဲကစားချိန်၄၅မိနစ်မှာ ကွင်းလယ်ကစားသမား အူဂါတီရဲ့ ကန်ချက်ကို နောက်ခံလူ လန်နီယိုရို က ထပ်ဆင့်ပိတ်သွင်းကာ မန်ယူနိုက်တက်အတွက် ချေပဂိုးသွင်းယူပေးခဲ့သလို၊ပွဲကစားချိန်၈၈မိနစ်မှာ လူစားဝင်တိုက်စစ်မှုး ဇက်ဇီးက ဦးဆောင်ဂိုးပါသွင်းယူပေးခဲ့တာကြောင့် အားလုံးက မန်ယူနိုက်တက်တို့ အနိုင်ရပြီလို့ဘဲ ထင်မှတ်ခဲ့ကြတာပါ။

သို့ပေမယ့် ပွဲကစားချိန် မိနစ်၉၀ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၅မိနစ်မှာ မန်ယူနိုက်တက်ဂိုးသမားအိုနာနာရဲ့ အမှားကနေ လိုင်ယွန်အတွက် အဓိက ကစားသမား ရိုင်ယန်ချာကီက ချေပဂိုးသွင်းယူပေးလိုက်တာကြောင့် တစ်ဖက်၂ဂိုးစီသရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ယခုပွဲစဉ်ကို အနိုင်ရခဲ့ရင် အဝေးကွင်းမှာအသာရခဲ့တာကြောင့် အိမ်ကွင်းမှာ အားသာချက်အများကြီးနဲ့ လက်ခံကစားရမှာဖြစ်ပေမယ့်လည်း ဂိုးသမားရဲ့ အမှားတွေက အဆိုပါ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးစေခဲ့ပါတယ်။

#mercury#mercurynews#အားကစား#EuropaLeague#manu#lyon

epa12023785 Alexandre Lacazette (C) of Lyon and Joshua Zirkzee (L) of Manchester in action during the UEFA Europa League quarter-finals 1st leg soccer match between Olympique Lyonnais and Manchester United, in Lyon, France, 10 April 2025. EPA-EFE/GUILLAUME HORCAJUELO