၂၀၂၄၊စက်တင်ဘာလ၊၅ရက်
ယူကရိန်းနဲ့ ဆွေးနွေးဖို့အတွက် ရုရှားဘက်က အဆင်သင့်ရှိနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားလိုက်ပါတယ်။
သြဂုတ်လက စတင်ပြီး ယူကရိန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသထဲသို့ ဝင်ရောက်ကာ ကျေးရွာအချို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် ကအခုလိုပြောလာတာဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင် က ရုရှားအနေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိနေပြီး ၂၀၂၂ ခုနှစ်က အစ္စတန်ဘူမှာ ယူကရိန်း စေ့စပ်ညှိနှိုင်းသူတွေနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို အခြေခံရမှာဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်