Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယခုအပတ်စားအုန်းဆီဈေးအနည်းငယ်တက်၊တစ်ပိဿာကျပ်(၆၄၉၀)ဖြင့်

ရောင်းချရန်သတ်မှတ်

—————————————————————————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂)ရက်

အခုတပတ်မှာတော့ စားအုန်းဆီဈေးနှုန်းအနည်းငယ်တက်လာပြီး စားအုန်းဆီရည်ညွှန်းဈေးဟာ တစ်ပိဿာ ကို(၆၄၉၀)ကျပ်အထိရှိလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီဈေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို(၆၃၇၅)ကျပ်သာရှိခဲ့တာဖြစ်ပါတယ်။

အခုအပတ်မှာတော့ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စက်တင်ဘာ (၂)ရက်မှ စက်တင်ဘာ (၈)ရက်အထိရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအနေ နဲ့ တစ်ပိဿာကို(၆၃၇၅)ကျပ်နဲ့ ရောင်းချရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။

စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့် ကာ သယ်ယူပိုဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်း ဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိ တယ်လို့ ဆိုပါတယ်။

ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အသိပေး ထုတ်ပြန်ထားပါတယ်။