မွေးရာပါ နှလုံးရောဂါကို မကုသနိုင်လို့ ဦးခေါင်းပြည်တည်တဲ့အထိဖြစ်ပြီး ဦးခေါင်းထဲက ပြည်တွေကို စုပ်ထုတ်လိုက်ချိန်မှာ အမြင်အာရုံကွယ်သွားသူ မောင်အောင်ဝဏ္ဏထွန်း
———————-
မောင်အောင်ဝဏ္ဏထွန်းရဲ့အသက်က ၁၂ နှစ်ပဲ ရှိပါသေးတယ်။ မောင်အောင်ဝဏ္ဏထွန်းရဲ့ဖခင်က ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဦးအောင်ဆန်းဦး ပါ။ မောင်အောင်ဝဏ္ဏထွန်းဟာ မွေးရာပါ နှလုံးရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ မွေးရာပါ နှလုံးရောဂါကို မကုသနိုင်ခဲ့တဲ့အတွက် ဦးခေါင်း ပြည်တည်တဲ့အထိ ဖြစ်သွားခဲ့ပြီး ဦးခေါင်းထဲက ပြည်တွေကို စုပ်ထုတ်လိုက်ချိန်မှာ မောင်အောင်ဝဏ္ဏထွန်းက အမြင်အာရုံလည်း ချို့ယွင်းသွားခဲ့ရပါတယ်။ ရန်ကင်းဆေးရုံကနေ မြောက်ဥက္ကလာပဆေးရုံကြီးဆီကို လွှဲပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးက မောင်အောင်ဝဏ္ဏထွန်းရဲ့ ဦးခေါင်းထဲက ပြည်တွေကို စုပ်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ မနက်ဖြန် ဒီဇင်ဘာလ ၁၁ ရက်ကို ရောက်ရင် မောင်အောင်ဝဏ္ဏထွန်းကို ဆေးရုံဆီ နောက်တစ်ခေါက် ပြန်သွားပြရမယ်လို့ ဖခင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက အသိပေးပါတယ်။ မွေးရာပါ နှလုံးရောဂါကို ကုသပေးဖို့က သိန်း ၇၀ ၊ သိန်း ၈၀ လောက်အထိ ကုန်ကျမှာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောထားတာကြောင့် သူတို့အနေနဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်လို့လည်း ဦးအောင်ဆန်းဦးက ဆက်လက် ပြောပြပါတယ်။ ဦးအောင်ဆန်းဦးဟာ အရင်တုန်းက ကိုယ်ပိုင်ဆိုင်ကယ်နဲ့ ဘေးတွဲမောင်းခဲ့တာဖြစ်ပေမယ့် အခုတော့ သားဖြစ်သူရဲ့ ဦးခေါင်းပြည်တည်ဝေဒနာကို ကုသပေးဖို့အတွက် သူ့ဆိုင်ကယ်ကို ပေါင်နှံလိုက်ပြီး တခြားပိုင်ရှင်တစ်ယောက်ဆီက ငှားရမ်းမောင်းနှင်တာမျိုးတောင် လုပ်နေရပါပြီ။ အဲ့ဒီလိုမျိုး ကိုယ်ပိုင်ဆိုင်ကယ်ကို ပေါင်နှံပြီး ကုသစရိတ် ရှာဖွေခဲ့တာတောင် အကြွေးက ကျပ် ၁၈ သိန်းလောက် တင်သွားသေးတယ်လို့လည်း ဦးအောင်ဆန်းဦးက အသိပေးပါတယ်။ မွေးရာပါ နှလုံးရောဂါကို မကုသနိုင်လို့ ဦးခေါင်းပြည်တည်တဲ့အထိဖြစ်ပြီး ဦးခေါင်းထဲက ပြည်တွေကို စုပ်ထုတ်လိုက်ချိန်မှာ အမြင်အာရုံကွယ်သွားသူ မောင်အောင်ဝဏ္ဏထွန်းနဲ့ သူ့ဖခင် ဦးအောင်ဆန်းဦးတို့ရဲ့ ဘဝရုန်းကန်နေရမှုတွေကို Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #အောင်ဝဏ္ဏထွန်း #AungWunnaHtun #UAungSanHtun #ဦးအောင်ဆန်းဦး #ဦးခေါင်းပြည်တည် #Family #မွေးရာပါနှလုံးရောဂါ #ကျန်းမာရေး #ဘေးတွဲဆိုင်ကယ် #အကြွေးငွေ #အမြင်အာရုံ #ဆေးကုသမှု #Yangon #Myanmar