စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ တောင်ရပ်ကွက်မှာ နေအိမ်ခြံဝန်းထဲဆီ ဗုံးကျပြီး ဗုံးစထိမှန်လို့ နေအိမ်ခြံဝန်းထဲမှာထိုင်နေတဲ့ ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်လောက်က အခုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နေအိမ်ခြံဝန်းဘေးကို ဗုံးကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာတွေရသွားတဲ့ ဇနီးမောင်နှံနှစ်ဦးကို လတ်တလေလောမှာတော့ မန္တလေး ပြည်သူ့ဆေးရုံကြီးဆီ တင်ပို့ပြီး ဆေးကုသမှုခံယူနေစေကြောင်း သတင်းကြားသိရပါတယ်။
ဒဏ်ရာရရှိတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူဟာ အသက် ၆၅ နှစ်အရွယ် ဦးကြိုင် ဆိုသူဖြစ်ပြီး ဦးကြိုင်မှာ ဘယ်ဘက်နားထင်နဲ့ ဘယ်ဘက်လက်ဖျံတို့ ဗုံးစထိမှန်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။
ဦးကြိုင်ရဲ့ဇနီးဖြစ်သူက အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်နွဲ့ရီ ဖြစ်ပြီး ဝမ်းဗိုက်နဲ့ ဝဲ-ယာခြေသလုံးတို့တွေမှာ ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်စီ ရသွားကြောင်း သိရှိရပါတယ်။ ရရှိထားတဲ့ဒဏ်ရာတွေဟာ မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။