Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြောက်ဒဂုံမှာ ဆီတန်းစီနေတဲ့ကားတန်းရှည် သုံးမိုင်လောက် ရှည်

ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံက ဆီဆိုင်တွေရဲ့ရှေ့မှာ ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ကားတန်ရှည်ဟာ သုံးမိုင်လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။

အရင်တုန်းက အရမ်းကို လမ်းရှင်းတဲ့ မင်းရဲကျော်စွာလမ်းမှာတောင် အခုတော့ ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ကားတွေနဲ့ ပြည့်နှက်နေပြီလို့ သတင်းကြားသိရပါတယ်။

လမ်းရဲ့ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကားတန်းက မျက်နှာချင်းဆိုင် နှစ်ဖာလုံလောက်မှာရှိတဲ့ တာမီနယ်လ်ဆီဆိုင်မှာ ဆီဖြည့်ဖို့ တန်းစီနေကြတာဖြစ်ပါတယ်။

လမ်းရဲ့ညာဘက်ခြမ်းဆီက ကားတန်းကတော့ ဗထူးလမ်းမမှာရှိတဲ့ မက်စ်ဆီဆိုင်မှာ ဆီဖြည့်ဖို့အတွက် တကွေ့တပတ်ကြီး တန်းစီရပ်စောင့်နေကြတာဖြစ်ပြီး မတ်စ်ဆီဆိုင်နဲ့ ကားတန်းဟာ သုံးမိုင်လောက်အထိ ခရီးလှမ်းနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာလည်း ကားမောင်းသူတွေ၊ ဘေးတွဲဆိုင်ကယ်မောင်းသူတွေ၊ ဆိုင်ကယ်မောင်းသူတွေက ဆီဖြည့်ဖို့အတွက် တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်ပြီး တချို့ဆီဆိုင်တွေမှာလည်း လိုချင်တဲ့အမျိုးအစား ရှိမနေလို့ တခြားဆိုင်တွေဆီ လိုက်ရှာရတာရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပြပါတယ်။