တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဇေယျာသီရိ (၄) ရပ်ကွက်၊ အောင်သပြေလမ်းက ကရုဏာ လူမှုကူညီရေးအသင်းရုံးမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၂ နာရီခွဲအချိန်လောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် အသင်းရုံးနဲ့ အသင်းပိုင် လူနာတင်ယာဥ် ၅ စီးအပြင် ရုံးအနားက လူနေအိမ် ၄ လုံးလည်း မီးလောင်ကျွမ်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာဆီကို မြိတ်မြို့နယ်မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မီးသတ်ရေသယ်ယာဉ် သုံးစီး၊ လူမှုရေးအသင်တွေက ရေသယ်ယာဥ်တွေနဲ့ ဝိုင်းဝန်းကာ မီးငြှိမ်းသတ်ခဲ့ရပြီး လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးနေပြီလို့ သိရှိရပါတယ်။