—————————————————————————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၀)ရက်
စစ်တောင်းမြစ်ရေနဲ့သောင်ရင်းမြစ်ရေတက်နေ၍ မဒေါက်မြို့နှင့်မြဝတီမြို့ နေထိုင်သူများ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီကနေ့စက်တင်ဘာလ(၁၀)ရက်တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မှာ စိုးရိမ်ရေအမှတ် အထက်သို့(၂)ပေကျော်ကျော်လွန်ရောက်ရှိနေပါတယ်။
အဆိုပါမြစ်ရေဟာ နောက်တစ်ရက်အတွင်း(၄)လက်မခန့် မြင့်တက်လာနိုင်ပြီး အဲဒီ့မြို့ရဲ့ စိုးရိမ်ရေအမှတ် အထက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်သို့ (၂)ပေကျော် ကျော်လွန်ရောက်ရှိနေပါတယ်။ အဲဒီ့မြစ်ရေဟာ နောက်(၁)ရက်အတွင်း(၂)ပေခွဲခန့် မြင့်တက်လာနိုင်ပြီး အဲဒီ့မြို့ရဲ့စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မဒေါက်မြို့၊မြဝတီမြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားပါတယ်။