ဇူလိုင်(၂၆)သောင်ရင်းမြစ်ရေ ညတွင်း ချင်းအဆမ တန်မြင့်တက်လာ တာကြောင့်မြ၀တီ တစ်မြို့လုံးနီးပါးရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ဒေသခံလူမှုကူညီရေးအဖွဲ့အစည်းတွေကဇူလိုင်လ(၂၆)ရက်နေ့က Mercury Mediaကိုပြောပါတယ်။ သောင်းရင်းမြစ်ရေကဇူလိုင်လ(၂၅)ရက်နေ့ညက စတင်မြင့်တက်လာခဲ့ရာမြစ်ကမ်းနားနီး အနိမ့်ပိုင်းရပ်ကွက်များအရေးပေါ်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ရပါတယ်။မြ၀တီမြို့ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့”အားငယ်သူ၊ဖေးမကူ”အဖွဲ့ကတာဝန်ရှိသူတစ်ဉီးက”မြ၀တီမြို့ရေကြီးတာကမြစ်ရေတက်တာလို့ပါ။ မိုးတိတ်လည်းရေကတော့ တက်နေတုန်းပဲ ။မြို့တွင်းမှာတော့မြစ်နဲ့နီးတဲ့ဘက်တွေအကုန်မြုပ်နေတယ်။မြို့လယ်ကလွဲလို့ပတ်ပတ်လည်ရေဘေးသင့်နေတာပေါ့။ရေကညကမှစကြီးတာဆိုပေမဲ့ရေတက်တာကတော်တော်မြန်နေတယ်။အထက်ဘက်မှာမိုးတအားများလို့ဒီဘက်မှာရေလာကြီးတယ်လို့ထင်တယ်”လို့Mercury mediaကိုပြောပါတယ်။ လက်ရှိအချိန်မှာ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားပြီး၊ကယ်ဆယ်ရေးစခန်းတွေမှာလူများပြည့်လျက်ရှိပါတယ်။“ရေကြီးတာကမနှစ်ကထက်များတယ်။ဒီနေ့တစ်ရက်သာဒီနူန်းအတိုင်းဆိုလွန်ခဲ့တဲ့လေးနှစ်ကိုမှီလောက်တယ်။အခုတောင်မိုးမရွာလဲရေကတက်နေတယ်။ကယ်ဆယ်ရေးတွေကတော့တောက်လျှောက်ကြိုးစားပြီးလုပ်နေကြတယ်”လို့ အားငယ်သူ၊ဖေးမကူ” အဖွဲ့ကတာဝန်ရှိသူ တစ်ဉီးကဆက်လက်ပြောပါတယ်။ သောင်းရင်းမြစ်ရေကမြ၀တီမြို့မှာစိုးရိမ်ရေမှတ်အထက်(၇)ပေခွဲခန့်ကျော်လွန်နေပြီးနောက်(၁)ရက်အတွင်း(၃)ပေခန့်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထ က်ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကဇူလိုင်လ၂၆ရက်ကသတင်းထုတ်ပြန်ထားပါတယ်။\
##mercury media\#YangonPhoto- [Yuzana Maung](