———————-
မြဝတီ၊ ဒီဇင်ဘာ ၂
ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့က မြဝတီကုန်သွယ်ရေးဇုန်ကို ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ လတ်တလောမှာ သတင်းကြားသိရပါတယ်။
မြဝတီမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး မြို့နေပြည်သူတွေဟာလည်း နေအိမ်တွေထဲကနေ အပြင်ကို မထွက်ရဘဲ အခြေအနေကို ထိတ်လန့်မှုနဲ့အတူ နားစွင့်နေရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်သံတွေကို ကြားနေရဆဲအချိန်မှာပဲ မြဝတ်ကုန်သွယ်ရေးဇုန်ထဲကို ဒရုန်းနဲ့ ဗုံးလာကျဲတယ်၊ အပျက်အစီးကို မသိရသေးဘူးလို့ ဒေသခံတွေဆီက ပြောစကား ကြားသိခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ရေးသားထားကြပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာလည်း မြဝတီမြို့ရဲ့သင်္ဃန်းညီနောင်လမ်းဆုံမှာ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်နေလို့ လမ်းပိတ်ထားတာကြောင့် ကုန်တင်ကားတွေအများကြီး ပိတ်မိနေတယ်လို့ သိရှိရပါတယ်။
See translation