Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်းပြီး စီမံချက်(၅)ခုအကောင်အထည်ဖော်ရန်MOUရေးထိုး

————————————————–

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၅)ရက်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်းပြီးကန်ဒေါ်လာ (၂၅၀၀၀၀)တန်ဖိုးရှိတဲ့ စီမံချက်(၅)ခုအကောင်အထည် ဖော်သွားဖို့ရှိတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး၊သက်မွေးပညာ၊ အမျိုးသမီးနဲ့ကလေးငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတည်ထောင်ဖို့ နားလည်မှုစာချွန်လွှာ MOU(၅)စောင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီ့စီမံချက်တွေထဲမှာ (၁)တောင်သူများအတွက် အခြောက်ခံစက်နဲ့အခြောက်ခံစက် ထားဖို့အဆောက်အဦးထားရှိဖို့သဘောတူညီချက်MOU၊(၂)အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာနဗဟုသုတဘဏ်တည်ထောင်ခြင်းစီမံချက်၊ (၃) ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေး ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တို့ပါဝင်ပါတယ်။

ဒီ့အပြင်(၄) မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီး ကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက်၊(၅)ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက်တို့ကို အကောင် အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။