၂၀၂၅၊ဇန်နဝါရီလ၊၂ရက်
မြန်မာ အပါအဝင် ကမ္ဘာတဝန်း စစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး၊ပြန်လည်ရင်ကြားစေ့ရေးကို အမြန်ဆုံးရရှိဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ မိန့်ကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကယူကရိန်း၊ ဂါဇာ၊ အစ္စရေး၊ မြန်မာ နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ကမ္ဘာ့နေရာအသီးသီးက ပြည်သူတွေအတွက်လဲ သူ ဆုတောင်းပေးနေတယ်လို့ ပြောသွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး က ပဋိပက္ခ ဒေသတွေမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းနေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အဖြေ ရတဲ့အထိ အခိုင်အမာ အားစိုက် လုပ်ဆောင်ပေးသွားကြပါလို့ တိုက်တွန်းသွားခဲ့ပါတယ်။