၂၀၂၄၊နိုဝင်ဘာလ၊၂ရက်
မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်ရှည်လုပ်ကိုင်နေထိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်အထိ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ သိရပါတယ်။
နိုင်ငံသားဖြစ်ခွင့်ရှိသူတွေဟာ ထိုင်းနိုင်ငံသားဖြစ်လာခဲ့ရင် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မှာဖြစ်သလို နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။