Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ-လာအိုပွဲစဉ် AFFမစ်ဇူဘီရှီဖလားအုပ်စုပွဲ ဒီဇင်ဘာ(၁၈)ရက်၊

သု၀ဏ္ဏကွင်း၌ကျင်းပမည်

——————————————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၆)ရက်

မြန်မာနဲ့လာအို AFF Mitsubishi Electric Cup 2024 Group (B) ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၁၈)ရက်၊ ရန်ကုန်မြို့၊သု၀ဏ္ဏကွင်းမှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီ့ပွဲစဉ်ကို ကြည့်ရူနိုင်ဖို့ ဒီဇင်ဘာ ၁၅၊၁၆၊၁၇ရက်တွေမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်ရုံး၊ ဝေဇယန္တာလမ်းမကြီး၊ (သု၀ဏ္ဏကွင်းရှေ့)မှာ နံနက်(၁၀:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ လက်မှတ်တွေရောင်းချမှာဖြစ်ပါတယ်။

ဒီ့အပြင်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၈ ရက်၊ သု၀ဏ္ဏကွင်းတွင် နံနက် (၁၁:၀၀)နာရီမှ ပွဲချိန် ပထမပိုင်းအပြီးထိအထူးတန်း လက်မှတ်များအား ဂိတ်(၂)၊ ရိုးရိုးတန်း လက်မှတ်တွေမှာ ဂိတ်(၈)တို့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

လက်မှတ်ခနှုန်းထားအနေနဲ့ အထူးတန်း ၅၀၀၀ကျပ်၊ရိုးရိုးတန်း ၂၀၀၀ကျပ် သတ်မှတ် ထားသလို့ Sky Net Sports X Channel, Channel 9တို့မှာလည်း Liveကြည့်ရူနိုင်မှာဖြစ် တယ်လို့ သိရပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#အားကစား#မြန်မာ့လက်ရွေးစင်

May be an image of 2 people, people playing soccer, people playing football and text

All reactions:

33